မြန်မာ့အာမခံ

မြန်မာ့အာမခံသည် နိုင်ငံပိုင်အာမခံအဖွဲ့အစည်းဖြစ်ပြီး ၁၉၅၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပါသည်။ အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ နောင်အခါ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများမှာ-

အသက်အာမခံ

၁။ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို)
၂။  ပြည်သူ့ဝန်ထမ်းအသက်အာမခံ
၃။ တပ်မတော်သားအသက်အာမခံ
၄။  ပြည်သူပြည်သားအသက်အာမခံ
၅။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ
၆။ ပညာရေးအသက်အာမခံ
၇။ စာသင်သားအသက်အာမခံ
၈။  မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ
၉။ သင်္ဘောသားအသက်အာမခံ
၁၀။ တောင်သူလယ်သမားအသက်အာမခံ
၁၁။ မြွေအန္တရာယ်အသက်အာမခံ
၁၂။ စုပေါင်းအသက်အာမခံ
၁၃။  ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ
၁၄။ အားကစားသမားများကိုယ်အင်္ဂါထိခိုက်မှုအသက်အာမခံ
၁၅။ (က) ကျန်းမာရေးအာမခံ (အပိုဆောင်း Covid-19 အပါအဝင်)
(ခ) ပြင်းထန်သောရောဂါကုသမှုအာမခံ
(ဂ) လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ
၁၆။ ပရီမီယံ ၁ ကြိမ်ပေးချေးငွေအသက်အာမခံ
၁၇။ ပရီမီယံ ၁ ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ
၁၈။ တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံ
၁၉။  တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ

အထွေထွေအာမခံ

၁။ မီးနှင့်အပိုအန္တရာယ်အကာအကွယ်များ
၂။ ဖောက်ထွင်းခိုးယူမှုအာမခံ
၃။ သမာဓိအာမခံ
၄။ ငွေသားလုံခြုံမှုအာမခံ
၅။ ငွေပို့ငွေသယ်အာမခံ
၆။ ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ
၇။ အလုပ်သမားလျော်ကြေးအာမခံ
၈။ ပေးလျော်ရန်တာဝန်ရှိမှုအာမခံများ
(က) မြေသယံဇာတတူးဖော်ရေးလုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
(ခ) Third Party Liability Insurance/Public Liability Insurance/Comprehensive General Liability Insurance
(ဂ) Bailee”s Liability
၉။ ကန်ထရိုက်တာလုပ်ငန်းနှင့် စက်ပစ္စည်းများအာမခံ
(က) ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ
(ခ) တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ
(ဂ) အီလက်ထရွန်းနစ်ပစ္စည်းအာမခံ
(ဃ) စက်ပစ္စည်းအာမခံ
(င) ကန်ထရိုက်တာ၏စက်ရုံနှင့်စက်ပစ္စည်းများအာမခံ
၁၀။ အပ်ငွေအာမခံ
၁၁။ ရေကြောင်းကုန်ပစ္စည်းအာမခံ
၁၂။ ရေယာဉ်ကိုယ်ထည်အာမခံ
၁၃။ လေယာဉ်ကိုယ်ထည်အာမခံ
၁၄။ လေကြောင်းပေးလျော်ရန်တာဝန်ရှိမှုအာမခံ
(က) လေယာဉ်အမှုထမ်းများ အသက်နှင့်ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
(ခ) လေယာဉ်ကိုယ်ထည်ဆုံးရှုံးမှု/နှုတ်ဖြတ်မှုအာမခံ
(ဂ) လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ်အာမခံ
၁၅။ ခရီးသွားအာမခံ
၁၆။ ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
၁၇။ ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
၁၈။ ရေနံနှင့်သဘာဝဓါတ်ငွေ့အာမခံ
၁၉။ သူတစ်ပါးထိခိုက်မှုအာမခံ
၂၀။ အလုံးစုံမော်တော်ယာဉ်အာမခံ
၂၁။ ချေးငွေအာမခံ
၂၂။ တစ်ဆင့်အာမခံ

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

မြန်မာ့အာမခံတွင် ပမာဏကြီးမားသော အရံရန်ပုံငွေများ (အသက်အာမခံရန်ပုံငွေ ကျပ် သန်းပေါင်း ၂၆၁၃၀.၉၁၊ အထွေထွေအာမခံရန်ပုံငွေ ကျပ် ၁၆၄၆၉၄.၆၇ သန်း၊ အထွေထွေ သီးသန့် ရန်ပုံငွေ ကျပ် ၁၅၃၈၈.၄၈ သန်းနှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်း ရှိပါ သည်။ မီးနှင့် ရေကြောင်းအာမခံ ပိုလွန်ဆုံးရှုံမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော် ကား စိတ်ကြိုက်တာဝန်ယူမှုစာချုပ်များလည်း အခိုင်အမာချုပ်ဆိုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့်အာမခံကုမ္ပကြီးများနှင့် ချုပ်ဆို ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ထို့ပြင် မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံ၏ ပေးလျော်ရန်တာဝန် အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားပါသည်။ သို့ဖြစ်၍ မြန်မာ့အာမခံသည် မည်သည့်အခါတွင်မျှ ဖျက်သိမ်း ခံရမည့်ကုမ္ပဏီ မဟုတ်ပါ။ တရားဝင်လျော်ကြေး တောင်းဆိုမှုမှ မည်သည့်အခါတွင်မျှ ထွက်ပြေး တိမ်းရှောင်လိမ့်မည့် အာမခံကုမ္ပဏီမဟုတ်ဟူ၍လည်းကျော်ဇောပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း လျော်ကြေးစုစုပေါင်း ကျပ် ၄၇၈၈.၂၅ သန်း ပေးလျော်ခဲ့ပါသည်။

မြန်မာ့အာမခံသည် အခြားအာမခံကုမ္ပဏီများနည်းတူ အေးဂျင့်စနစ်အသုံးပြုလျက်ရှိပြီး၊ အေးဂျင့် အသစ်များကိုလည်း အစဉ်ခန့်အပ်လေ့ကျင့်ပေးလျက်ရှိပါသည်။

မြန်မာ့အာမခံသည် နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီဖြစ်သည်နှင့်အညီ ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် လိုအပ်သော အာမခံအကာအကွယ်များကို မြန်မာ့အာမခံမှသာ ဝယ်ယူ ရမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်

အသက်အာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၃၉၁၉၉၀

အသက်အာမခံ (လျော်ကြေး) ဌာန

၀၁-၈၃၈၄၈၈၁

အသက်တစ်ဆင့်အာမခံဌာန

၀၁-၈၃၈၆၉၁၉

မော်တော်ယာဉ်အာမခံ (အလုပ်လက်ခံ) ဌာန

၀၉-၈၈၀၁၇၇၄၂၈

မော်တော်ယာဉ်အာမခံ (လျော်ကြေး) ဌာန

၀၉-၈၈၀၁၇၇၄၂၇

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၁

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၃၈၄၈၆၇

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၂

အထွေထွေတစ်ဆင့်အာမခံဌာန

၀၁-၈၃၈၄၈၈၀

စီမံရေးရာဌာန

၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂

ငွေစာရင်းဌာန

၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀

အရောင်းမြှင့်တင်ရေးဌာန

၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆

တာဝန်မှူးရုံးခန်း

၀၁-၈၃၇၉၁၈၈