ပရီမီယံ တစ်ကြိမ်ပေးချေးငွေအသက်အာမခံ

ရည်ရွယ်ချက်

  • ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ချေးယူထားသောငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် အာမခံအကာအကွယ်ပေး နိုင်ရန်

 

အာမခံအမျိုးအစား

  • အာမခံထားငွေကိုတဖြည်းဖြည်းလျော့ချသည့် ပရီမီယံ ၁ ကြိမ်ပေးချေးငွေ အသက် အာမခံ (Decreasing Term Life Insurance) ပုံစံ

 

အာမခံထားနိုင်သူများ

  • ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
  • အာမခံထားသူ− အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီ အာမခံပေါ်လစီစည်း ကမ်းချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ်ဦး
  • ဘဏ်များ/ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အသေးစားငွေချေးလုပ်ငန်းများမှ ငွေချေးယူသူများ
  • အသက် ၁၈ နှစ်မှ ၆၂ နှစ်အတွင်းထားရှိနိုင်
  • အာမခံသက်တမ်း− ၃ နှစ်မှ ၁၅ နှစ်အထိ (အသက် ၆၂ နှစ်ရှိသူများ ၃ နှစ် သက်တမ်း ထားနိုင်)
  • ချေးငွေပေးဆပ်ရန် ကျန်ရှိနေသော သက်တမ်းနှင့် ကိုက်ညီထားရ
  • အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံးကျပ်သန်း ၃၀၀ အထိ
  • ၎င်းပမာဏထက်ပို၍ အာမခံထားရှိလိုပါက မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံ ကုမ္ပဏီအချင်းချင်း Co-Insurance ထားရှိနိုင်
  • ချေးငွေအတိုးနှုန်းပြောင်းလဲလျှင် ‘လျှော့ချထားသော အာမခံထားငွေဇယား’အား ပြင်ဆင် ပြောင်းလဲ

 

ကျန်းမာရေးစစ်ဆေးခြင်း

  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့်ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်များက ကျန်းမာရေးစစ်ဆေးချက်
  • ဆေးစစ်ခကို မြန်မာ့အာမခံလုပ်ငန်းမှ ကျခံ
  • ကျသင့်ပရီမီယံကို တစ်လုံးတည်း တစ်ကြိမ်တည်း ပေးသွင်းရန်

 

ရရှိမည့်အကျိုးကျေးဇူးများ

  • (က) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားငွေချေးလုပ်ငန်းများ မှချေးငွေပြန်လည်ရရှိခြင်း။
  • (ခ) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူမိသားစုအနေဖြင့် အရစ်ကျဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလိုခြင်း။
  • (ဂ) ပေးသွင်းသည့်ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။

ကော်မရှင်နှုန်းထား

  • အာမခံကိုယ်စားလှယ်မှတစ်ဆင့်ဆောင်ရွက်နိုင်၊ ကော်မရှင်နှုန်း ၁ ကြိမ်တည်းပေး ပရီမီယံပေါ်မှ ၇ %

 

အကျိုးခံစားခွင့်များ

  • သေဆုံးမှုအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ (အလောင်း ရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း၊ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း လိုအပ်)
  • ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေ ဇယားအရ
  • အမ်းငွေထုတ်ပေးခြင်း− အမ်းငွေနှုန်းထားဇယား (အမ်းငွေထုတ်ပေးခြင်းမပြုမီ အာမခံ ထားသူသေဆုံးခဲ့လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ၁၂ (ဆ)နှင့် အညီထုတ်ပေး)
  • အာမခံထားသူနှင့်ပေါ်လစီရှင်တို့၏ မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူ လိုအပ်

 

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

  • အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း
  • အာမခံစသည့်နေ့မှ တစ်နှစ်အတွင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • အောက်ပါတို့ကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ပါက အမ်းငွေကိုသာထုတ်ပေး
    • ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ် ခြင်း
    • မိမိကိုယ်ကိုသတ်သေခြင်းကြောင့်မသေဘဲထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • အာမခံကိုယ်စားလှယ်ဆောင်ရွက်ခွင့်ရှိ၊ ကော်မရှင် ၁ကြိမ်တည်းပေး ပရီမီယံပေါ်မှ ၇%
  • အာမခံတံဆိပ်ခေါင်းကပ်ရန်လို ၊ အာမခံထားသူမှ တံဆိပ်ခေါင်းဖိုးကျခံရန် (အာမခံထားငွေ ၁ သိန်းလျှင် ၃၀ ကျပ်နှုန်း)

 

“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃