ပညာရေးအသက်အာမခံ

  • Saving Type
  • အာမခံအမျိုးအစား
    • နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံ -Double Benefit Plan (Death/TPD benefit+ Education benefit)
    • အခြေခံအကျိုးခံစားခွင့်ပုံစံ – Basic Benefit Plan (Education benefit only)
  • ပညာရေးအသက်အာမခံထားနိုင်သူများ
    • ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
    • အာမခံထားသူ−အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ်ဦး
    • မိမိသားသမီးများ၏ ပညာရေးအတွက် မိမိ၏အသက်ကို အာမခံထားရှိနိုင်
    • အာမခံထားသူနှင့်ပေါ်လစီရှင်၏ မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူလို
    • အာမခံထားသူသည် အာမခံထားသည့်အချိန် အသက် ၁၈ နှစ်မှ ၅၆ နှစ်အတွင်းရှိသည့် မိခင်(သို့မဟုတ်)ဖခင်ကဝယ်ယူနိုင် (အာမခံထားသူ၏ အသက် ၆၅ နှစ် အထိသာ အာမခံထားရှိနိုင်သောကြောင့် အသက် ၅၆ နှစ်ရှိသူများအနေဖြင့် ၉ နှစ် အာမခံ သက်တမ်းကိုသာ ထားရှိနိုင်မည်)
  • အာမခံသက်တမ်း ၉ နှစ်၊ ၁၁ နှစ် ၊ ၁၄ နှစ်
  • ပရီမီယံသက်တမ်း ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်
  • အာမခံထားငွေကို အနည်းဆုံးကျပ်သိန်း (၅၀) မှ အများဆုံးကျပ်သိန်း(၁၀၀၀) ထိ
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှအသိအမှတ်ပြုထားသောဆေးရုံ/ဆေးခန်းများမှဆရာဝန်များဖြင့်ဆေးစစ်ရန်၊အလိုအလျောက်ပေါ်လစီတည်မြဲစေရန်ပြန်လည်ဆေးစစ်မှုခံယူရလျှင် ဆေးစစ်ခကို ပေါ်လစီရှင်မှကျခံရ
  • အလိုအလျောက်ပေါ်လစီတည်မြဲစေရန်ပေးရန် ကျန်ပရီမီယံပေါ်တွင် တစ်နှစ်လျှင် ၁၅% အတိုးထည့်သွင်းတွက်ချက်
  • အာမခံထားငွေအပေါ်မူတည်၍ မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထားသော ပမာဏ အတိုင်းဆေးစစ်ခအား ပြန်လည်ထုတ်ပေး
  • ပရီမီယံကို ၁ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁၂ လတစ်ကြိမ် အရစ်ကျ ပေးသွင်းနိုင်
  • အာမခံတံဆိပ်ခေါင်းကပ်ရန်လို

 

ပညာရေးအသက်အာမခံအကျိုးခံစားခွင့်များ

စဉ် အကျိုးခံစားခွင့် Double Benefit Plan Basic Benefit Plan
သေဆုံးမှုအကျိုးခံစားခွင့်
ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်
ပရီမီယံကင်းလွတ်ခွင့်
ပညာရေးအကျိုးခံစားခွင့်
ပေါ်လစီကိုစာရင်းပိတ်ခြင်း
အမ်းငွေထုတ်ယူခြင်း
ချေးငွေရယူနိုင်ခြင်း

 

ပညာရေးအကျိုးခံစားခွင့်

  • ပညာရေးအာမခံပေါ်လစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွားသော် လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံး ချိန်မှစ၍ အာမခံသက်တမ်းစေ့ရောက်သည့်နေ့အပါအဝင်တစ်နှစ်ပြည့်သည့်နေ့သို့ရောက်တိုင်း ပညာရေးအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၀% စီကို ပြန်လည်ထုတ်ပေးမည်
  • ပရီမီယံနှုန်းကို အာမခံထားသူ၏အသက်၊ အာမခံထားငွေ၊ ပရီမီယံပေးသွင်းမည့် သက်တမ်းနှင့် အာမခံအမျိုးအစားတို့အပေါ်မူတည်၍တွက်ချက်
  • (၁) နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်အတွက် အရစ်ကျပေးသွင်းရမည့် ပရီမီယံကို ပရီမီယံပေးသွင်းရန်စေ့သည့်နေ့မှ အပိုရက်ပေါင်း (၃၀) အတွင်းပေးသွင်းရန်
  • (၁) လတစ်ကြိမ်အတွက် အရစ်ကျပေးသွင်းရမည့်ပရီမီယံကို ပရီမီယံပေးသွင်းရန် စေ့ သည့်နေ့မှ အပိုရက်ပေါင်း (၁၅) အတွင်း
  • အပိုရက်အတွင်း ပရီမီယံပေးသွင်းရန်ပျက်ကွက်လျှင် ပေါ်လီစီပျက်ပြယ်
  • ပရီမီယံအနည်းဆုံး (၃)နှစ်ပေးသွင်းပြီးပါက ပေါ်လစီအတည်ဖြစ်
  • အကျိုးခံစားခွင့်ကို မည်သူကိုမဆို တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ကြိုက် နှစ်သက်ရာ ရာခိုင်နှုန်းအချိုးအစားအလိုက် လွှဲပြောင်းပေးနိုင်
  • ချေးငွေရယူပါက အမ်းငွေရသင့်တန်ဘိုး၏ ၉၀% အထိချေးယူနိုင်ပြီး ငွေတစ်ကြိမ်ချေး လျှင် ချေးခ ကျပ် ၁၀၀၀၊ ချေးငွေကျပ် ၁၀၀ လျှင် တစ်နှစ်အတွက် အတိုး ၁၅%
  • ပေးသွင်းရသည့် ပရီမီယံပမာဏထက် ပိုမိုသော အကျိုးခံစားခွင့်ငွေရနိုင်ခြင်း
  • ဝင်ငွေခွန်သက်သာခြင်း
  • အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း

 

သေဆုံးမှုအကျိုးခံစားခွင့်

  • နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံဝယ်ယူထားသော အာမခံထားသူသေဆုံးပါက အာမခံ ထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေး
  • အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူသည် အသက် ၁၈ နှစ်မပြည့်သေးလျှင် အာမခံ လုပ်ငန်းလုပ်ပိုင်ကိုင်ခွင့် ဥပဒေ (၁၂) (စ) နှင့်အညီ မိဘအရင်း (သို့) တရားဝင် မွေးစား မိဘ(သို့) တရားဝင်အုပ်ထိန်းသူကို ထုတ်ပေး
  • အာမခံထားရှိသူ သေဆုံးချိန်တွင် အကျိုးခံစားခွင့်လွှဲအပ်ခံရသူက သေဆုံးပြီး ဖြစ်ကာ အကျိုးခံစားခွင့်ထပ်မံလွှဲပြောင်းထားခြင်းမရှိလျှင် အာမခံလုပ်ငန်း လုပ်ကိုင် ခွင့်ဥပဒေ (၁၂)(ဆ)နှင့်အညီ ထုတ်ပေး
    • ခင်ပွန်း/ဇနီး
    • သားသမီး
    • မြေး
    • ညီအစ်ကို၊ မောင်နှမ
    • မိဘ
  • အာမခံထားသူသေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂) နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင် အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း တင်ပြရန်

 

သေဆုံးမှုအကျိုးခံစားခွင့် မရရှိနိုင်သောအချက်များ

  • အာမခံထားသူသည် အာမခံသက်တမ်း (၁) နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း၊
  • အာမခံဝယ်ယူစဉ်က ဖော်ပြထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် အာမခံသက်တမ်း (၁) နှစ်အတွင်း သေဆုံးခြင်း၊
  • အမ်းငွေပမာဏကိုသာ အကျိုးခံစားခွင့်ရှိသူအားထုတ်ပေး
  • ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့် မရရှိနိုင်သောအချက်များ
  • ကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ထာဝစဉ် လုံးဝမသန်စွမ်းဖြစ်ခြင်း၊
  • မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
  • ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခြင်း၊
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း၊
  • အမ်းငွေပမာဏကိုသာ ပေါ်လစီရှင်/အကျိုးခံစားခွင့်ရှိသူအား ပြန်ထုတ်ပေး
  • အာမခံကိုယ်စားလှယ်ဖြင့်ဆောင်ရွက်နိုင်၊ ကော်မရှင်−ပထမနှစ်တွင် ပေးသွင်းသည့် ပရီမီယံပေါ်မှ (၉)နှစ် − ၁၅ ရာခိုင်နှုန်း၊ (၁၁) နှစ် −၂၀ ရာခိုင်နှုန်း၊ (၁၄) နှစ် −၂၈ ရာခိုင်နှုန်းနှင့် ကျန်သက်တမ်းများအတွက် ပရီမီယံပေါ်မှ ၃ ရာခိုင်နှုန်း

 

“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃