cmn_banner

ကန်ထရိုက်တာ စက်ပစ္စည်းနှင့်စက်ယန္တရားအာမခံ

စီမံကိန်းလုပ်ငန်းခွင်တွင် အသုံးပြုနေသော ကန်ထရိုက်တာ၏ စက်ပစ္စည်းနှင့် စက်ယန္တရား ကဲ့သို့ ဝန်ပင့်ယာဉ်၊ ဖိသိပ်စက်၊ မြေထိုး စက်၊ တူးစက် အစရှိသည့် စက်ပစ္စည်း များ ပျက်စီးဆုံးရှုံးမှုကို အကာအကွယ်ပေးသော အာမခံဖြစ်ပါသည်။ ကြိုတင်မခန့်မှန်းနိုင် သော၊ ရုတ်တရက်ဖြစ် ပေါ်လာသော ဘေးအန္တရာယ်တို့ကြောင့် အာမခံထားသည့်ပစ္စည်း ပျက်စီး ဆုံးရှုံးမှုအတွက် အကာအကွယ်ပေးပါသည်။ အာမခံသက်တမ်းကို အနည်းဆုံး (၃) လ မှ အများဆုံး (၅) နှစ် ထိ ထားရှိနိုင်ပြီး ပရီမီယံနှုန်းသည် အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်း ဖြစ်ပါသည်။

၁။ ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ  

ကန်ထရိုက်တာမှ တာဝန်ယူဆောက်လုပ်မည့် အဆောက်အအုံအတွက်  တည်ဆောက်သည့် ပစ္စည်းများ တည်ဆောက်သည့်နေရာသို့ ရောက်ရှိချိန်မှ တည်ဆောက်ပြီးစီးသည့် အချိန်အထိ ပျက်စီး ဆုံးရှုံးမှုကို အကာအကွယ်ပေးသောအာမခံ ဖြစ်ပါသည်။ ဒီဇိုင်းမှားမှုကြောင့် ပျက်စီးမှုကို လျော်ကြေး မပေးပါ။ လုပ်ငန်းအပ်နှံမှုစာချုပ်ပါ တန်ဘိုးအတိုင်း အာမခံထားနိုင်ပါသည်။ လုပ်ငန်းခွင်တွင် အသုံးပြု သည့် စက်ပစ္စည်းများ၊ ကရိယာများတန်ဘိုးကိုလည်း အာမခံထားငွေတွင် ထပ်၍ထည့်နိုင်ပါသည်။ အာမခံသက်တမ်းကို အနည်းဆုံး (၃)လမှ အများဆုံး (၅)နှစ်ထိ ထားရှိနိုင်ပြီး ပရီမီယံနှုန်းသည် အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်းဖြစ်ပါသည်။

 

၂။ တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ

အဆောက်အအုံတည်ဆောက်ရန် ပစ္စည်းများ တည်ဆောက်မည့်နေရာသို့ ရောက်ရှိချိန်မှ စက် တည်ဆောက်ဆဲကာလ၊ စက်တပ်ဆင်ပြီး စမ်းသပ်လည်ပတ်သည့်ကာလအထိ အကာအကွယ် ပေးသော အာမခံအမျိုးအစားဖြစ်သည်။ ဒီဇိုင်းမှားမှုကြောင့် ပျက်စီးမှုကို လျော်ကြေးမပေးပါ။ စမ်းသပ်ကာလကို (၂) ပတ်ထိ အကာအကွယ်ပေးပါသည်။ အာမခံသက်တမ်းကို အနည်းဆုံး (၃)လမှ အများဆုံး (၅)နှစ်ထိ ထားရှိနိုင်ပြီး ပရီမီယံနှုန်းသည် အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်းဖြစ်ပါသည်။

 

၃။ စက်ပစ္စည်းအာမခံ

စက်ပစ္စည်း သို့မဟုတ် စက်ယန္တရားများ အသုံးပြုနေစဉ် ချို့ယွင်းမှု၊ စံချိန်စံညွှန်းမမီမှု၊ ဒီဇိုင်း မှားယွင်းမှု၊ အလုပ်သမားများ မကျွမ်းကျင်ခြင်း၊ မသမာခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ လျှပ်စစ်ဓါတ်အား ချို့ယွင်းမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို အကာအကွယ် ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။ ပရီမီယံနှုန်းသည် ၀.၃% မှ ၀.၄% အတွင်းဖြစ်ပါသည်။

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃