cmn_banner

ပြည်သူပြည်သားအသက်အာမခံ

  • အသက် (၁၀) နှစ်မှအသက် (၅၅) နှစ် အထိရှိသော ပြည်သူပြည်သားတစ်ဦးအနေဖြင့် မိမိ ဆန္ဒအလျောက်ထားရှိနိုင်
  • အာမခံသက်တမ်း အနည်း(၅) နှစ်ထားရှိနိုင်ပါသည်။
  • အာမခံထားငွေအနည်းဆုံးကျပ်(၅)သောင်း၊ အများဆုံးကျပ်သန်း(၃၀)
  • ပြည်သူပြည်သားအာမခံထားသူတိုင်းဆေးစစ်ရန်လိုအပ်
  • ပရီမီယံပေးသွင်းသည့်နေ့မှ အာမခံစတင်၊ ပရီမီယံကို ၃ လ၊ ၆ လ၊ ၁ နှစ် အရစ်ကျပေး သွင်းနိုင်
  • ရုံးခွဲများမှ အာမခံထားငွေကျပ် (၅) သောင်းထိ လက်ခံဆောင်ရွက်ပြီးစာချုပ်ထုတ်ပေး၊ အာမခံထားငွေကျပ် (၅) သောင်းအထက်ထားရှိမှုအတွက် ရုံးခွဲမှလက်ခံဆောင်ရွက်ပြီး ပါက စာချုပ်ထုတ်ပေးရန် ရန်ကုန်ရုံးချုပ်အလုပ်လက်ခံဌာနသို့ ပေးပို့ရ
  • အာမခံကိုယ်စားလှယ်မှတစ်ဆင့်အာမခံထားရှိနိုင်
  • ကိုယ်စားလှယ်ကော်မရှင်ပ-နှစ်ပေးသွင်းပရီမီယံ၏ ၂၀% နှင့်ကျန်နှစ်များတွင်ပေးသွင်း ပရီမီယံ၏ ၅%
  • အာမခံတံဆိပ်ခေါင်းကပ်ရန်လို (အာမခံထားငွေ ၁ သိန်းလျှင် ၃၀ ကျပ်နှုန်း)

 

ပြည်သူပြည်သားအသက်အာမခံ တို့တွင် ရရှိနိုင်သောအကျိုးခံစားခွင့်များ

  • အမ်းငွေတောင်းခံငွေ
  • နှစ်စေ့တောင်းခံငွေ
  • ချေးငွေတောင်းခံငွေ
  • သေဆုံးမှုတောင်းခံငွေ
  • စာရင်းပိတ်တန်ဘိုးတောင်းခံငွေ
  • တန်ဖိုးလျော့တောင်းခံငွေ
  • ထာဝစဉ်မသန်စွမ်းတောင်းခံငွေ

 

အမ်းငွေတောင်းခံငွေ

  • အာမခံသက်တမ်း ၅ နှစ်မှ ၁၂ နှစ်အထိ ပရီမီယံပေးပြီး ၂ နှစ်၊ အာမခံ သက်တမ်း ၁၃ နှစ် ထားသည့် ပေါ်လစီများအတွက် ပရီမီယံပေးပြီး ၃ နှစ်ဆက်တိုက်ပေးသွင်းပြီး အာမခံ ထားသူဝန်ထမ်းသည် အလုပ်မှနှုတ်ထွက်ခြင်း၊ အငြိမ်းစားယူခြင်း၊ ထုတ်ပယ်ခြင်းတို့ ကြောင့် ပရီမီယံဆက်လက်မပေးသွင်းခဲ့လျှင် အမ်းငွေရသင့်တန်ဘိုးဇယားအရ (သို့) ပေးသွင်းပြီး ပရီမီယံ၏ ၈၀% ကို အမ်းငွေရရှိနိုင်

 

နှစ်စေ့တောင်းခံငွေ

  • အာမခံထားရှိသည့်ဝန်ထမ်း အာမခံသက်တမ်းပြည့်သည့်အခါ နှစ်စေ့တောင်းခံငွေရရှိ နိုင်
  • အာမခံထားသူတွင်ပရီမီယံလိုငွေများ၊ ချေးငွေများ၊ ချေးငွေအပေါ်ကျသင့်အတိုးများ၊ အခြားလိုငွေများကိုစုပေါင်း၍ အာမခံထားငွေပေါ်မှ နှုတ်ပြီးကျန်ငွေကို ထုတ်ပေး

 

ချေးငွေတောင်းခံငွေ

  • ချေးငွေတောင်းခံငွေအာမခံသက်တမ်း ၅ နှစ်မှ ၁၂ နှစ်အထိ ပရီမီံယံပေးပြီး ၂ နှစ်၊ အာမခံသက်တမ်း ၁၃ နှစ်ထားသည့် ပေါ်လစီများအတွက် ပရီမီံယံပေးပြီး ၃ နှစ်ဆက် တိုက်ပေး သွင်းပြီးမှသာ အမ်းငွေ၏ ၉၅% ချေးငွေရရှိနိုင်၊ ချေးငွေဇယားအရထုတ်ပေး
  • ငွေတစ်ကြိမ်ချေးခ ၅ ကျပ်၊ နှစ်ဦးသဘောတူငွေချေးခံဝန်ကတိစာချုပ်
  • ချေးငွေ ၁၀၀ ကျပ်လျှင် ၆ ၁/၄ အတိုး

 

သေဆုံးမှုတောင်းခံငွေ

  • ပေါ်လစီသက်တမ်း တည်မြဲနေချိန်ကာလအတွင်း အာမခံထားသူကွယ်လွန်လျှင် အကျိုး ခံစားခွင့်လွှဲပြောင်းခြင်းခံရသူအားထုတ်ပေး
  • အာမခံထားသူသည် အာမခံသက်တမ်းနှစ်စေ့ပြီးမှကွယ်လွန်ခြင်း အကျိုးခံစားခွင့်ရှိသူ အာမခံထားသူထက်စော၍ကွယ်လွန်ပါကအာမခံထားသူ၏အမွေဆက်ခံခွင့်ရှိသူကို ထုတ်ပေး

 

စာရင်းပိတ်တန်ဘိုးတောင်းခံငွေ

  • အာမခံထားသူသည် ပေါ်လစီအတည်ဖြစ်ပြီးနောက် ပရီမီယံဆက်လက်ပေးသွင်းခြင်း မပြုလိုသောကြောင့် စာရင်းပိတ်ထားသည့် ပေါ်လစီ
  • ပြည်သူ့ဝန်ထမ်းများ ဝန်ထမ်းလုပ်သက်ကာလအတွင်း စာရင်းပိတ်ပေါ်လစီမပြုလုပ်နိုင် သော်လည်း အငြိမ်းစားယူသည့်အခါ သို့မဟုတ် အလုပ်မှတာဝန်မှရပ်စဲသည့်အခါတွင် စာရင်းပိတ်ပေါ်လစီပြုလုပ်နိုင်
  • စာရင်းပိတ်တန်ဘိုးကိုအာမခံသက်တမ်း၊ ပရီမီယံပေးသွင်းပြီးနှစ်နှင့် အာမခံထားငွေ ပေါ်မှ အချိုးကျတွက်ချက်ထုတ်ပေး

 

တန်ဘိုးလျော့တောင်းခံငွေ

  • အာမခံသက်တမ်းမစေ့မှီ အာမခံထားငွေကိုထုတ်ယူလိုလျှင် အာမခံတန်ဘိုးကို လျော့၍ ထုတ်ပေးငွေ
  • အာမခံသက်တမ်းစေ့ရန် ၂ နှစ်အလိုတွင် အာမခံထားသူ၏ဆန္ဒအရ တန်ဘိုးလျော့ တောင်းခံငွေထုတ်ယူနိုင်

 

 ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်တောင်းခံငွေ

  • အာမခံသက်တမ်းအတွင်းပေါ်လစီတည်မြဲနေချိန်တွင်ရုတ်တရက်ထိခိုက်မှုကြောင့် သော်ကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဉ်မသန်စွမ်းဖြစ်၍အလုပ်အကိုင် မလုပ်ကိုင်နိုင်လျှင်ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်တောင်းခံငွေရှိ
  • ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ဖြစ်သည့်နေ့မှရက်ပေါင်း ၉၀ အတွင်းအကျိုးခံစားခွင့် တောင်းခံရန်
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ
    • မျက်စိနှစ်လုံးကွယ်ခြင်း
    • လက်နှစ်ဖက်လုံးပြတ်ခြင်း
    • ခြေနှစ်ဖက်လုံးပြတ်ခြင်း
    •  ခြေတစ်ဖက်လက်တစ်ဖက်ပြတ်ခြင်း
    • မျက်စိတစ်လုံးကွယ်၍ လက်တစ်ဖက်ပြတ်ခြင်း ခြေတစ်ဖက်ပြတ်ခြင်း
      (သို့ရာတွင် သေရည်သောက်စားခြင်း၊ ကာလသားရောဂါဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိ ကိုယ်ကိုအနာတရရအောင်ပြုလုပ်ခြင်း၊ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်းကြောင့် ဖြစ်ပေါ်လာသောမသန်စွမ်းများအတွက် အကျိုးခံစားခွင့်ရရှိ လိမ့်မည်မဟုတ်ပါ။)
  • ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်သည်အောက်ဖော်ပြပါပေါ်လီစီများနှင့် မသက်ဆိုင်ပါ
    • ကျန်းမာရေး (သို့) အလုပ်အကိုင်ကိုအကြောင်းပြု၍သော်လည်းကောင်း
    • ကျန်းမာရေးမပြည့်စုံ၍အထူးသတ်မှတ်သည့်စည်းကမ်းချက်များပါသောပေါ်လီစီ
  • ဝင်ငွေခွန်သက်သာခြင်း
  • အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း

 

“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃