cmn_banner

အလုံးစုံမော်တော်ယာဉ်အာမခံ

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန)တွင် မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ် မှ အပ မော်တော်ယာဉ်များနှင့်  စက်ယန္တယားများအတွက် အာမခံ ဖြစ်ပါသည်။

 

အာမခံသက်တမ်း

၃ လ ၊ ၆ လ ၊ ၉ လ ၊ ၁ နှစ် သက်တမ်း စသဖြင့် ထားရှိနိုင်ပါသည်။

 

 အာမခံထားငွေ

ကာလပေါက်ဈေးထက်မပိုသော အာမခံထားသူနှင့် အာမခံ လက်ခံသူ နှစ်ဦးသဘောတူသည့် တန်ဖိုး ဖြင့် ထားရှိနိုင်သည်။

 

ပရီမီယံနူန်း

ယာဉ်အသုံးပြုပုံ/ ယာဉ်တန်ဖိုး/ မော်ဒယ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ လူဦးရေ တို့အပေါ်တို့တွင် မူတည်၍  အနိမ့်ဆုံး  ၁. ၀၇၂ % (ကိုယ်ပိုင်) နှင့် ၁.၇၃၄ % (အငှား)

 

 အာမခံထားရှိခြင်းဖြင့် ရရှိနိုင်မည့် အကာအကွယ်များ

အပိုင်း(က) အာမခံထားသည့်ယာဉ်အတွက်-

  • မတော်တဆတိုက်မိခြင်း / မတော်တဆ တိမ်းမှောက်ခြင်း၊
  • တိုက်မိခြင်း/ တိမ်းမှောက်ခြင်းသည် စက်ချို့ယွင်းမှုကြောင့် ဖြစ်ခြင်း၊
  • တိုက်မိခြင်း/ တိမ်းမှောက်ခြင်းသည် သာမန်အခြေအနေအတွင်း ယိုယွင်း ပျက်စီးမှုကြောင့် ဖြစ်ခြင်း၊
  • မီးလောင်ခြင်း၊ ပြင်ပပေါက်ကွဲခြင်း၊ ပြင်ပမီးပွား သို့မဟုတ် မီးတောက်ကြောင့် မဟုတ်သော အလိုအလျောက် လောင်ကျွမ်းခြင်း သို့မဟုတ် အတွင်းတွင် လောင်ကျွမ်းခြင်း သို့မဟုတ် လျှပ်စစ်စီးခြင်း/ မိုးကြိုးပစ်၍ လောင်ကျွမ်းခြင်း၊
  • အကျိုးဖျက်စီးမှု/ မသမာဖျက်စီးသည့် လုပ်ရပ်များကြောင့် ပျက်စီးခြင်း၊
  • တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်နေစဉ် (အတင်အချပြုလုပ်ခြင်း အပါအဝင်) လမ်းများ၊ ရထားလမ်းများ၊ ကုန်းတွင်းရေကြောင်းလမ်းများ မြစ် သို့မဟုတ် တူးမြောင်းများကို ဖြတ်ကူးခြင်း၊
  • သဘာဝတရား၏ ဖောက်ပြန်မှုမဟုတ်သော ပစ္စည်းများ အပေါ်မှ ကျရောက် ခြင်းကြောင့် ထိခိုက်ပျက်စီးခြင်း၊
  • သပိတ်မှောက် အဓိကရုဏ်း၊ ဆူပူ မငြိမ်မသက်မှုကြောင့် ထိခိုက်ပျက်စီးခြင်း၊
  • လေကာမှန်ထိခိုက်ပျက်စီးခြင်း – အစားထိုးတန်ဖိုး
  • မိမိပိုင်ယာဉ်ထိခိုက်ပျက်စီးမှု – အစားထိုးတန်ဖိုး
အပိုင်း(ခ) သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းများအတွက် –

  • လူတစ်ဦးသေဆုံးခြင်း – ကျပ် သိန်း ၃၀
  • ထိခိုက်ဒဏ်ရာရခြင်း – သူတစ်ပါး ထိခိုက်မှုနည်းဥပဒေပါ အချိုးကျတန်ဖိုး
  • သူတစ်ပါး ပစ္စည်းထိခိုက်ပျက်စီးမှု – ဆုံးရှုံးပစ္စည်း တန်ဖိုး။
  • ဖြစ်ရပ်တစ်ခုအတွက် လျော်ကြေး အများဆုံး – ကျပ်သိန်း ၅၀၀
အပိုင်း(ဂ) ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသစရိတ်မှုစရိတ်အတွက်
(အာမခံထားသူ၊ ယာဉ်မောင်းများ၊ ယာဉ်ပေါ်ပါသူများအတွက်)
             

  • လူတစ်ဦးသေဆုံးခြင်း – ကျပ် သိန်း ၃၀
  • ထိခိုက်ဒဏ်ရာရခြင်း – သူတစ်ပါး ထိခိုက်မှုနည်းဥပဒေပါ အချိုးကျတန်ဖိုး
  • ဖြစ်ရပ်တစ်ခုအတွက် လျော်ကြေး အများဆုံး – ကျပ်သိန်း ၅၀၀

 

မိမိဆန္ဒအရထပ်မံဝယ်ယူနိုင်သောအကာအကွယ်များ

အကာအကွယ် ကျသင့်နှုန်းထား
သဘာဝဘေးအန္တရာယ် အာမခံတန်ဖိုး၏   ၀.၀၆၅%
စစ်နှင့်စစ်အသွင် အာမခံတန်ဖိုး၏   ၀.၀၆၅%
ခိုးယူမှု အခြေခံပရီမီယံ၏  ၁၅%
လေကာမှန်(မဝယ်မနေရ) လေကာမှန်တန်ဖိုး၏ ၆.၅%
သပိတ်မှောက်ခြင်း၊အဓိကရုဏ်းဖြစ်ခြင်း (မဝယ်မနေရ) အာမခံတန်ဖိုး၏  ၀.၀၆၅%
Betterment အခြေခံပရီမီယံ၏  ၃၀%
Nil Excess (ကျပ် ၁ သိန်း အထိ) ကျပ် ၂၅,၀၀၀
နှုတ်ဖြတ်ငွေ တိုးမြှင့်သည် နှင့်အမျှ အာမခံပရီမီယံကြေး တွင် လျှော့ပေါ့ခံစားခွင့် ရှိပါသည်။

 

လျော်ကြေးမတောင်းဆုကြေး (NCB)

အာမခံသက်တမ်း ကိုယ်ပိုင် အငှား
သက်တမ်းဆက်သည့် ဒုတိယနှစ် ၂၅% ၁၅%
သက်တမ်းဆက်သည့် တတိယနှစ် ၃၀% ၂၀%
သက်တမ်းဆက်သည့် တတိယနှစ်အထက် ၄၀% ၂၅%

လျော်ကြေးမတောင်းဆုကြေးကို အာမခံထားသူကသာ ပိုင်ဆိုင်သည်။ အာမခံထားသူ ရရှိထားသည့် လျော်ကြေးမတောင်းဆုကြေးကို ပိုင်ရှင်အသစ် အကျိုးရှိစေရန် လွှဲပြောင်းနိုင်ခွင့် မရှိပါ။

 

အုပ်စုလျှော့နှုန်း (Fleet Discount)

ယာဉ် (၁၀) စီး နှင့် အထက်အား တစ်ပြိုင်တည်း ထားရှိပါက  ကျသင့်အခြေခံပရီမီယံ၏  ၁၀% လျှော့ပေါ့ ခံစားခွင့် ရှိပါသည်။

 

လျော်ကြေးတောင်းခံခြင်း

ထိခိုက်မှုဖြစ်လျှင် မြန်မာ့အာမခံလုပ်ငန်းသို့ ဖုန်းဖြင့်/ စာဖြင့် ချက်ချင်း အကြောင်းကြားရမည်။ မြန်မာ့အာမခံ လုပ်ငန်း၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြင်ဆင်ရပါမည်။ လျော်ကြေးအား ထိခိုက်မှု ဖြစ်သည့်နေ့မှ စ၍ ၃ နှစ် အတွင်း တောင်းခံရပါမည်။

 


အာမခံထားရှိလိုပါက –

+959-880 177 428 , motoruwmi@mminsurance.gov.mm

လျော်ကြေးတောင်းခံလိုပါက –

+959-880 177 427, motorclaim-mi@mminsurance.gov.mm

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃