cmn_banner

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

အသက် ၁၆ နှစ် မှ ၆၅နှစ် အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားရှိနိုင် ပါသည်။မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက် ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးကုသစရိတ်၊ အလုပ်မလုပ်နိုင်ခြင်း ဖြစ်ပွားသည့် အခါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။အာမခံသက်တမ်းမှာ ၃ လ၊၆ လ၊ ၁နှစ် အထိ ထားရှိနိုင်ပါသည်။ အာမခံထားငွေအား  အများဆုံးကျပ် သိန်း ၂၀၀ အထိ (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ အထိ ထားရှိနိင်ပါသည်။ ပရီမီယံနှုန်းထား မှာ ၀.၇ % ဖြစ်ပါသည်။ တပ်မတော်သားများ ၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊ စသော အန္တရာယ်များ သည့် အလုပ်အကိုင်များအတွက် ပရီမီယံ ၁% ပေးဆောင်ရမည်။ တံဆိပ်ခေါင်း တန်ဘိုးမှာ ၁၀၀ ကျပ် ဖြစ်ပါသည်။

အာမခံထားသူ ‌သေဆုံး/ထာဝစဉ် မသန်စွမ်းဖြစ်လျှင် အာမခံထားငွေ၏ ၁၀၀ % ၊ မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင်သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တ တစ် ပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့် အများဆုံး အာမခံထားငွေ၏ ၁၅% ထက် မပိုသော အကျိုး ခံစားခွင့်များ ရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃