နှစ်တိုပရီမီယံ တစ်ကြိမ်ပေး ချေးငွေအာမခံ

ရည်ရွယ်ချက်

  • ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ချေးယူထားသောငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် အာမခံအကာအကွယ်ပေး နိုင်ရန်

 

အာမခံအမျိုးအစား

  • အာမခံထားငွေကိုတဖြည်းဖြည်းလျော့ချသည့် (Decreasing Sum Insured) ပုံစံ
  • ပုံသေ (Fixed Sum Insured) ပုံစံ

 

အာမခံထားနိုင်သူများ

  • ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
  • အာမခံထားသူ− အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီ အာမခံပေါ်လစီစည်း ကမ်းချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ် ဦး
  • ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အသေးစားငွေချေးလုပ်ငန်းများမှ ငွေ ချေးယူသူများ
  • အာမခံထားသူနှင့် ပေါ်လစီရှင်တို့၏မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူ လိုအပ်
  • အသက် ၁၈ နှစ်မှ ၆၄ နှစ်အတွင်းထားရှိနိုင်
  • အာမခံသက်တမ်း− ၁ နှစ်၊ ၂ နှစ်

 

အာမခံထားရှိနိုင်သည့်ငွေပမာဏ

  • အနည်းဆုံးကျပ် ၁ သိန်းမှ အများဆုံးကျပ်သန်း ၁၀၀ အထိ
  • ၎င်းပမာဏထက်ပို၍ အာမခံထားရှိလိုပါက မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံ ကုမ္ပဏီအချင်းချင်း Co-Insurance ထား ရှိနိုင်

 

ကျန်းမာရေးစစ်ဆေးခြင်း

  • အာမခံထားငွေကျပ် ၁ သိန်းမှ ကျပ်သိန်း ၃၀ အထိ အာမခံထားသူ၏ ကျန်းမာကြောင်း ဝန်ခံချက်
  • အာမခံထားငွေကျပ်သိန်း ၃၀ အထက် အာမခံထားသူသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှအသိအမှတ်ပြုသည့် ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်များ၏ ကျန်းမာရေး စစ်ဆေးမှုခံယူရန်
  • ဆေးစစ်ခကို မြန်မာ့အာမခံလုပ်ငန်းမှ ကျခံ
  • တစ်ဦးချင်း အဆိုလွှာ/အစုအဖွဲ့ဖြစ်ပါက အဆိုလွှာပါအကြောင်းအရာများပါဝင်သော စာရင်းဇယားဖြင့်လက်ခံ
  • အာမခံထားသူ၏အသက်၊ အာမခံသက်တမ်းနှင့်အာမခံထားငွေအမျိုးအစား ပေါ်မူတည်၍ ပရီမီယံတွက်ချက်
  • ကျသင့်ပရီမီယံကို တစ်လုံးတည်း တစ်ကြိမ်တည်း ပေးသွင်းရန်
  • အကျိုးခံစားခွင့်လွှဲပြောင်းခြင်း− အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ကြောင့် ရရှိမည့်အကျိုးခံစားခွင့်ကို တရားဝင်ထုတ်ယူခံစားခွင့်ရှိသော အာမခံစာချုပ်ပါ လူပုဂ္ဂိုလ် (သို့) တရားဝင်အဖွဲ့အစည်း

 

ရရှိမည့်အကျိုးကျေးဇူးများ

  • (က) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန် စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားငွေချေးလုပ်ငန်းများ မှ ချေးငွေပြန်လည်ရရှိခြင်း။
  • (ခ) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူမိသားစုအနေဖြင့် အရစ်ကျဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလိုခြင်း။
  • (ဂ) ပေးသွင်းသည့်ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။
  • အာမခံကိုယ်စားလှယ်မှတစ်ဆင့်ထားရှိနိုင်၊ ကော်မရှင်ကို ၁ ကြိမ်တည်းပေးပရီမီယံပေါ် မှ ၅ %

 

အကျိုးခံစားခွင့်များ

  • သေဆုံးမှုအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ/ ပုံသေအာမခံ ထားငွေ (အလောင်းရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း၊ မျက်မြင်အားဖြင့် သွားလာလှုပ် ရှားမှုမရှိကြောင်း လိုအပ်
  • ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ/ ပုံသေအာမခံထားငွေ

 

သေဆုံး/ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

  • ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင်ပြုလုပ်ခြင်း
  • မိမိကိုယ်ကိုသတ်သေခြင်းကြောင့်ဖြစ်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ခြင်း
  • ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်ခြင်း
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ဖြစ်ခြင်း

 

“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃