cmn_banner

ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ

အသက် ၁၆ နှစ်မှ ၆၀ နှစ်အထိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားနိုင်ပါ သည်။ အာမခံထားရန် အဆိုပြုရာတွင် မတော်တဆမှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် အဆိုလွှာပါ ရောဂါ ၅၅ မျိုးကြောင့် ဆေးကုသမှု အကာအကွယ်အတွက် Table A ၊ သေဆုံး ခြင်းနှင့် ဒဏ်ရာရရှိမှုအတွက် Table B ၊ သေဆုံးမှုတစ်မျိုးကိုသာ ထားရှိခြင်းနှင့် အသက် ၆၀ နှစ် နှင့်အထက်အာမခံထားရှိသူများအတွက် Table C တို့ကိုအာမခံထားသူမှ ရွေးချယ်နိုင်ပါ သည်။ အာမခံသက်တမ်း ၁လ၊ ၃လ၊ ၆လ၊ ၁နှစ် ထားနိုင်ပါသည်။ အာမခံထားငွေအား အများဆုံး မြန်မာကျပ်ငွေ-၂၀,၀၀၀,၀၀၀/- (သို့မဟုတ်) USD-၅၀,၀၀၀/- အထိ အဆိုပြုထား ရှိနိုင်ပါသည်။ ပရီမီယံတွက်ရာတွင် အာမခံထားသူ၏ အလုပ်အကိုင်ပေါ်တွင် အတန်းအစား Class (၃) မျိုးခွဲ၍ သတ်မှတ်ထားသည့် နှုန်းဇယားပါ နှုန်းများဖြင့် တွက်ပါသည်။ Class I သည် လုပ်ငန်းခွင် အန္တရာယ်အလွန်နဲပါးသူ၊ Class II လုပ်ငန်းခွင်တွင် သွားလာမှုများပြီး ကြီးကြပ်တာဝန် ယူရသူများ၊ Class III သည် လုပ်ငန်းခွင်တွင် အန္တရာယ်ဖြစ်နိုင်ချေရှိသော လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပါသည်။ ဆေးဝါးကုသမှုကုန်ကျစရိတ်၊ Table A တွင် ပါဝင်သော ရောဂါ (၅၅) မျိုးအပြင် ငှက်‌ဖျားရောဂါ/ သွေးလွန်တုပ်ကွေးရောဂါ/ ပြင်းထန်အအေးမိ၊ အဓိကရုဏ်းနှင့် အကြမ်းဖက်မှု တို့ကြောင့်ထိခိုက်ဒဏ်ရာ ရရှိမှု၊ စစ်မက်အန္တရာယ်၊ ပင်လယ် ရေနှင့်ဆိုင်သော ဘေးအန္တရာယ်၊ အားကစားသမားထိခိုက်မှုအန္တရာယ်၊ လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်မှုအန္တရာယ်တို့အား ထပ်ဆောင်း အပိုအကာအကွယ်အနေဖြင့် ထားရှိနိုင်ပါသည်။ တံဆိပ်ခေါင်းတန်ဖိုးမှာ အာမခံထားငွေ (၁) သိန်းလျှင် ၃၀ ကျပ် ဖြစ်ပါသည်။ ပရီမီယံနှုန်း ထား အား နောက်ဆက်တွဲဇယား ဖြင့် ဖော်ပြထားပါသည်။

 

Premium Rates (%)

Period Of Insurance Of Exceeding Table A Table B Table C
I II III I II III I II III
One Month .175% .20% .225% .100% .125% .150%
Three Months .350% .40% .450% .200% .250% .300%
Six Months .525% .60% .675% .300% .375% .450%
Twelve Months .700% .80% .900% .400% .500% .600% .100% .150% .175%

N.B Cover under Table D should not be given for less than a year.

 

Additional Premium Rates

Sr. No. Additional Cover Rate Sr. No. Additional Cover Rate
1 Medical Expense 10% on Basic Premium 5 Sea Risks 15% on Basic Premium
2 Additional Disease 5% on Basic Premium 6 Sportsman 10% on Basic Premium
3 Riot and Civil Commotion 0.05% on Sum Insured 7 Occupational Accident 15% on Basic Premium
4 War Risk 0.10% on Sum Insured
  • Death by disease is not covered under P.A Policies
  • Stamp Fees – Ks. 100,000/- = Ks. 30/-

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃