၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ နေ့လည်ပိုင်းတွင် ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ် ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံ မိတ်ဆက်ခြင်း အခမ်းအနားအား မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်အစိုးရဌာနများမှ တာဝန်ရှိသူများ၊ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ၊ မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဌနှင့် အထွေထွေအာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ မော်တော်ယာဉ် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများက ၂၀၀၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် Protocol 5: ASEAN Scheme of Compulsory Motor Vehicle Insurance အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် မော်တော် ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံအား ဆောင်ရွက်ပေးခြင်း ဖြစ်ပါ ကြောင်း၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲတွင်မှ ACMI System ကို Digital Platform တည်ဆောက် ပြီး အသုံးပြုနိုင်သည့် နိုင်ငံမှာ ၄ နိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ ၆.၁၂.၂၀၂၃ ရက်နေ့တွင် Vietnam နိုင်ငံ၊ Halong မြို့၌ ကျင်းပပြုလုပ်ခဲ့သော 24th Council of Bureaux Meeting တွင် ကြေငြာခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော် မော်တော် ယာဉ်အတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံအကာအကွယ်ကို Online Channel မှတစ်ဆင့် ဝယ်ယူနိုင်ပြီဖြစ်သည့်အတွက် အချိန်ကုန်၊ လူပင်ပန်းမှု နည်းပါးသွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် ဝင်ငွေကိုလည်း ပိုမိုရှာဖွေနိုင်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များကြောင့် မြန်မာပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်လာ ခဲ့လျှင် ငွေကြေး တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်စေမည့် နစ်နာကြေးပေးချေခြင်းကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိစေမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ အာဆီယံနယ်နိမိတ်တစ်လျှောက် ကုန်စည်သယ်ယူ ပို့ဆောင်နေကြသည့် မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများအတွက် ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းစွာ သွားလာနိုင်ရန် နှင့် အာဆီယံသယ်ယူပို့ဆောင်ရေးသဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ရန် အတွက် ASEAN’s spirit ဖြစ်သည့် “One Vision, One Identity, One Community” အစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးမည့် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌက အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက Video Clip ဖြင့် ရှင်းလင်းတင်ပြကာ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံအား လက်ခံဆောင်ရွက်ခြင်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များမှ အာမခံပရီမီယံကြေးများ ရရှိသကဲ့သို့ ထိုမော်တော်ယာဉ်များကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးအား ပေးချေနိုင် ခြင်း၊ အာဆီယံနိုင်ငံများအကြား စီးပွားရေး ပေါင်းစပ်မှုများနှင့်အညီ ကုန်စည်စီးဆင်းမှုများ တိုးတက်လာစေခြင်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
၀၁-၈၃၉၁၉၉၀
၀၁-၈၃၈၄၈၈၁
၀၁-၈၃၈၆၉၁၉
၀၉-၈၈၀၁၇၇၄၂၈
၀၉-၈၈၀၁၇၇၄၂၇
၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃
၀၁-၈၂၅၁၇၆၁
၀၁-၃၈၄၈၆၇
၀၁-၈၂၅၁၇၆၂
၀၁-၈၃၈၄၈၈၀
၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂
၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀
၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆
၀၁-၈၃၇၉၁၈၈