cmn_banner

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ ထားရှိရေးနှင့်ပတ်သက်ပြီး အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းအခမ်းအနား

အာဆီယံနယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) စနစ်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုသွားမည့် ကိစ္စရပ်နှင့်စပ်လျဉ်းရျ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအား (၁၁.၁၀.၂၀၂၁) ရက်နေ့၊ မွန်းလွဲ ၁:၃၀ နာရီတွင် video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

နားလည်မှုစာချွန်လွှာ ရေးထိုးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ ကိုယ်စားပြုရျ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားခြင်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များမှ အာမခံပရီမီယံကြေးများ ရရှိသကဲ့သို့ ထိုမော်တော်ယာဉ်များ မတော်တဆထိခိုက်မှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများ ပေးချေနိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးပေါင်းစပ်မှုများနှင့်အညီ ကုန်စည်စီးဆင်းမှုများ တိုးတက်လာစေခြင်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သောကြောင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိသောလုပ်ငန်း ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအား မွန်းလွဲ ၂:၅၀ နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 

ဆက်သွယ်ရန်ဖုန်းနံပါတ်

အသက်အာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၃၉၁၉၉၀

အသက်အာမခံ (လျော်ကြေး) ဌာန

၀၁-၈၃၈၄၈၈၁

အသက်တစ်ဆင့်အာမခံဌာန

၀၁-၈၃၈၆၉၁၉

မော်တော်ယာဉ်အာမခံ (အလုပ်လက်ခံ) ဌာန

၀၉-၈၈၀၁၇၇၄၂၈

မော်တော်ယာဉ်အာမခံ (လျော်ကြေး) ဌာန

၀၉-၈၈၀၁၇၇၄၂၇

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၁

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၃၈၄၈၆၇

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၂

အထွေထွေတစ်ဆင့်အာမခံဌာန

၀၁-၈၃၈၄၈၈၀

စီမံရေးရာဌာန

၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂

ငွေစာရင်းဌာန

၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀

အရောင်းမြှင့်တင်ရေးဌာန

၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆

တာဝန်မှူးရုံးခန်း

၀၁-၈၃၇၉၁၈၈