ရန်ကုန်မြို့ ရက်စွဲ၊ ၈.၇.၂၀၂၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် စတင် ဝယ်ယူနိုင်မည့် မိတ်ဆက်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ ဆဌမထပ် အစည်းအဝေးခန်းမ၌ Online Webinar ဖြင့် ၈-၇-၂၀၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအာမခံအသင်း အဖွဲ့ဝင်များ၊ မြန်မာ့အာမခံလုပ်ငန်း၏ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာ့အာမခံကိုယ်စားလှယ်တော် ကြီးများ၊ မြန်မာ့အာမခံလုပ်ငန်းရဲ့ အာမခံထားသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များက Online မှ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က Online မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ နယ်ပယ်အသီးသီးမှာ I.T နည်းပညာကို အသုံးပြုပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့ကိုချီတက်နေတဲ့ ခေတ်ဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးဟာလည်း ခေတ်နဲ့ယှဉ် ရင်ဘောင်တန်းနိုင်ဘို့ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း Digital Government Strategy တွေ ချမှတ်ပြီး e-Government System ကို အကောင်အထည်ဖော် ကျင့်သုံးနေပြီဖြစ်ကြောင်း၊ မြန်မာ့အာမခံက ဆောင်ရွက်နေတဲ့ စီမံကိန်းရည်ရွယ်ချက်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ Digital Government Strategy နဲ့ e-Government System တို့ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ရည်ရွယ်ပြီး အာမခံလုပ်ငန်းစနစ်များ စုစည်းမြှင့်တင်ခြင်းစီမံကိန်း (Integrated Insurance Solutions Project) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်ထိ ၅ နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြန်မာ့အာမခံက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အစီအစဉ်ဟာ အာမခံအကာအကွယ် ရယူလိုသည့် ပြည်သူများအနေနဲ့ မိမိရွေးချယ် ဝယ်ယူလိုတဲ့ အာမခံ Product များကို ခေတ်နဲ့အညီ အဆင်ပြေချောမွေ့စွာ ရွေးချယ်ဝယ်ယူနိုင်ရန်နဲ့ ငွေပေးချေနိုင်ရန်အတွက် အာမခံလုပ်ငန်းများကို Digital နည်းပညာနဲ့ ပြောင်းလဲအဆင့်မြှင့်တင်ပြီး အခြားပြည်တွင်း/ပြည်ပကုမ္ပဏီများနဲ့ တန်းတူ စျေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားပါကြောင်း၊ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ခဲ့ပြီး ပထမနှစ်ပြီးမြောက်တဲ့အခါမှာ သူတစ်ပါးထိခိုက်မှုအာမခံနဲ့ ခရီးသွား အာမခံ အမျိုးအစား (၂) မျိုးကို မြန်မာ့အာမခံလုပ်ငန်း Website နဲ့ Mobile App တို့မှတစ်ဆင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် Covid-19 ကပ်ရောဂါဆိုးကြောင့် အာမခံထားရှိသူများ လူကိုယ်တိုင်လာရောက်ပြီး ပရီမီယံပေးချေရန် မလိုတော့ပဲ Online/Mobile Payment များ ဖြင့် ငွေပေးချေခြင်းများကို အဆင်ပြေချောမွေ့စွာ ပေးချေနိုင်မှာဖြစ်ပါကြောင်း၊ အာမခံလုပ်ငန်း ကဏ္ဍဟာလည်း တစ်ရက်နဲ့တစ်ရက် တိုးတက်လာတာြဖစ်တဲ့အတွက် ဒီစီမံကိန်းကို ဆောင်ရွက် ခြင်းကြောင့် Digital စနစ်ဟာ နိုင်ငံအတွက်ရော ပြည်သူအတွက်ပါ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း၏ Corporate Video များ ပြသခဲ့ ပါသည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် စတင်ဝယ်ယူနိုင်မည့် မိတ်ဆက် ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင်အာမခံအဖွဲ့အစည်းဖြစ်ပြီး ၁၉၅၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ နောင်အခါ အသက်နှင့် အထွေထွေအာမခံနှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများမှာ အသက်အာမခံအနေဖြင့် (၁၉) မျိုး၊ အထွေထွေအာမခံအနေဖြင့် (၂၂) မျိုး လက်ခံဆောင်ရွက်လျက်ရှိပါသည်။
အထွေထွေအာမခံလုပ်ငန်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအတွက် ငွေရေးကြေးဆုံးရှုံးမှု(Financial Loss)ကို အကာအကွယ်ပေးသည့် မီးအာမခံကိုလည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ အင်ဂျင်နီယာလုပ်ငန်းများအတွက် ကန်ထရိုက်တာအလုံးစုံအာမခံ(Contractor’s All Risks)၊ တည်ဆောက်မှုအလုံးစုံအာမခံ(Erection All Risks)ကိုလည်းကောင်း၊ လုပ်ငန်းရှင်များအားလုံးအတွက် Industrial All Risks နှင့် Property All Risks ကိုလည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းအပြင် ကုန်သွယ်မှုလုပ်ငန်းရှင်များ၊ သင်္ဘောလုပ်ငန်းရှင်များအတွက် ရေကြောင်း ကုန်စည်/ကုန်းလမ်းကုန်စည်အာမခံနှင့် ရေယာဉ်ကိုယ်ထည်အာမခံကိုလည်းကောင်း၊ လေကြောင်း လုပ်ငန်း လုပ်ငန်းရှင်များအတွက် လေကြောင်းအာမခံ၊ ၎င်းနှင့်ဆက်စပ်သည့်အာမခံအမျိုးမျိုးကို လည်းကောင်း၊ ရေနံလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓါတ်ငွေ့အာမခံလုပ်ငန်းကို လည်း ကောင်း အာမခံဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းများအတွက် ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ၊ အုပ်စုလိုက် ကိုယ် အင်္ဂါထိခိုက်မှုအာမခံ(Group Personal Accident Insurance၊ ကျန်းမာရေးအာမခံ (Health Insurance)၊ ခရီးသွားအာမခံလုပ်ငန်းအမျိုးမျိုးတို့ကို လက်ခံဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု အား အာမခံအကာအကွယ်ပေး၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ထိုသို့အာမခံဝန်ဆောင်မှုပေးခြင်းကို နှစ်ပေါင်း(၆၀)ကျော် manual system ဖြင့် ဝန်ဆောင်မှုပေးနေရာမှ ပြည်သူလူထုအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် IT နည်းပညာကို အသုံးပြု၍ အာမခံဝန်ဆောင် မှုများကို အလွယ်တကူဝယ်ယူနိုင်ရန်ရည်ရွယ်ပြီး အာမခံ Product များကို digital နည်းပညာဖြင့် ပြောင်းလဲ ဝန်ဆောင်မှု ပေးသည့် Video ပြသခြင်း၊ အထွေထွေ အာမခံလုပ်ငန်းမှ သူတစ်ပါး ထိခိုက်မှုအာမခံကို Mobile Application မှ တစ်ဆင့်ဝယ်ယူ၍ ပရီမီယံငွေအား Online Payment ဖြင့်ပေးချေခြင်းအား သရုပ်ပြသခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့အာမခံလုပ်ငန်း
၀၁-၈၃၉၁၉၉၀
၀၁-၈၃၈၄၈၈၁
၀၁-၈၃၈၆၉၁၉
၀၉-၈၈၀၁၇၇၄၂၈
၀၉-၈၈၀၁၇၇၄၂၇
၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃
၀၁-၈၂၅၁၇၆၁
၀၁-၃၈၄၈၆၇
၀၁-၈၂၅၁၇၆၂
၀၁-၈၃၈၄၈၈၀
၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂
၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀
၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆
၀၁-၈၃၇၉၁၈၈